လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၆-၇-၂၀၂၀) ရက်နေ့တွင် ဝက်သေကျေးရွာအုပ်စုရှိဇီးပင်ကွင်း (အရှေ့)ကျေးရွာ၊ ဝက်သေ ကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ အေးစေတီကျေးရွာ၊ ရေကျော်ကျေးရွာ၊ ဆင်မုံကျေးရွာ၊ သက္ကယ်ပြင် (သံ) အုပ်စုရှိ သက္ကပြင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ အင်းလျားကြီးကျေးရွာ၊ တာကြီးတန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွားသော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#ayy_Jul2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)