COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား လိုက်လံနှိုးဆော်အသိပေးမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၇-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီချိန်မှ (၁၄:၃၀) နာရီထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သဲဖြူအုပ်စု၊ (ရွာသစ်၊မကျီးအုပ်၊ ဘွက်ကြီး၊ စခန်းကြီး၊သရက်ကုန်း၊ အောက်စု)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါ(ဒုတိယအကြိမ်) အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ရေဘေး၊လေပြင်းဘေးနှင့် ပက်သတ်၍ ဆောင်ရန်/ရှောင်ရန်များ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_jul2020

Sign Up

Upcoming Events