Latest News
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့မဈေးစည်ပင်သာယာရေး အဖွဲ့နှင့်အတူ (၈-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၀:၀၀)နာရီအချိန်ထိ မင်းဘူးမြို့၊ မြို့မဈေးတွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mgy_Jul2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အိပ်လဟာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ (၁) ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား (၈-၇-၂၀၂၀)ရက် နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ထွေအုပ်ရုံး၌ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် #ha_tls #bgo_jul2020 Source: … Read more
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကင်းတပ် ကျေးရွာအုပ်စု၊ ကင်းတပ်ကျေးရွာ၊ ချောက်ကြီးကျေးရွာ၊ ဒိုးချောင်းကျေးရွာ၊ ညောင်ပင်လေးဆိပ်ကျေးရွာ တို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာဝန်ရှိသူ များနှင့်အတူ (၇-၇-၂၀၂၀) ရက်နေ့၌ (၁၁:၀၀) နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော (COVID-19) ကူးစက်ရောဂါ၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2020 … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စု၊ ညောင်ပင်လေးဆိပ်ကျေးရွာ၌ (၃-၇- ၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂၆၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ (၃၄၇၅၃/-)ကျပ်အား (၇-၇-၂၀၂၀) ရက်နေ့(၁၁:၅၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ … Read more
-
Covid-19 ရောဂါနှင့် မိုးတွင်းကာလဖြစ်ပွားသောဘေးအန္တရယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၇-၂၀၂၀) ရက်နေ့တွင် ထန်းပင်ကန်ကျေးရွာအုပ်စုရှိ လယ်ဦးကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ ဂျမ်းကုန်းကျေးရွာ၊မှော်တောကုန်းကျေးရွာ၊ မကျီးကုန်းကျေးရွာအုပ်စုရှိ ကျီးပေါက်ကုန်းကျေးရွာ၊ကျောင်းကုန်းကျေးရွာ၊ ဂျမ်းကုန်းကျေးရွာ၊ ကမ်းနားရွာသစ်ကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ပုစွန်တောင်ကုန်းကျေးရွာ၊ မှော်တောကုန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာသောဘေးအန္တရယ်များနှင် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ ကျောက်ကျင်းရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်မှုမပြန့်ပွား စေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









