
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စေတုတ္တရာမြို့နယ်၊ ဖအိုင်း(အနောက်)ကျေးရွာသို့ (၂၈-၆-၂၀၂၀) ရက်နေ့နှင့် (၂၉-၆-၂၀၂၀) ရက်နေ့တို့တွင် ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၅)ဦးအတွက် ဆန်ဖိုးရက်(၃၀)စာ စုစုပေါင်းထောက်ပံ့ငွေ(၂၂၅,၀၀၀)ကျပ်အား (၁၀-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#mgy_jul2020