လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicefနှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်းပြီး အုပ်စု(၂)ဖွဲ့ခွဲ၍ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ခိုင်သဇင်စားသောက်ဆိုင်၊ သီပေါ-ပန်ကေတု လမ်းမပေါ်ရှိ ခရီးသွားပြည်သူများနှင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ လဝန်းသစ်စားသောက်ဆိုင်နှင့် သဘာဝ ရိပ် သာ သီလရှင်ကျောင်းရှိ သီလရှင်များက်ို Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကမ္ဘာတစ်ဝှမ်း ရောဂါဖြစ်ပွားမှုအခြေအနေများကို သိရှိစေရန် ပြည်သူများအနေ ဖြင့် ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောခြင်း၊ UNDP တံဆိပ်ပါနှာခေါင်းစည်း ၊ဆပ်ပြာခဲ၊ ပညာပေးလက်ကမ်းစာစောင်၊ လက်စွဲအိတ်များကို ပေးဝေခဲ့ပြီး မိမိကစကာကွယ်ပါ ၊ နေ့စဉ်ဘဝ မှာခပ်ခွါခွါနေပါ စသည့် ပညာပေးပိုစတာများ ၊ ဗွီနိုင်းများကိုရှမ်း ၊ မြန်မာ(၂)ဘာသာဖြင့် ပုံနှိပ် ထားသော ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)