လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိူင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Covid.19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကတ်ထိုက်စျေး၊ ကျိုင်းတုံမြို့၌ ပြည်သူများသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ Maskများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများကပ်ပေးခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2020
Source: ကျိူင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)