ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၉-၇-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား ၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၀၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၀၈၈,၂၀၀/-) ကျပ်တို့ကို (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#mgy_jul2020
 
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events