COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ အနှိုင်းပွန်ကျေးရွာအုပ်စုအတွင်းရှိ အနှိုင်းပွန်ကျေးရွာ၊ အင်းဖျားကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် သစ်တိုကျွန်းကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်ပြီး သိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များ၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြို ဘေးတို့နှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များကို အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာများပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jul2020

Source:   ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events