Latest News
-
Covid-19ကူးစက်ရောဂါ ကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် အတူပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုအတွင်းရှိ၊ ဇင်ရွှဲကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ငါးခုံးမကျေးရွာနှင့် လွန်ချောင်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အများပြည်သူများ သိရှိလိုက်နာရန် Loud Speaker ဖြင့် လှည့်လည်၍ အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်းများကို … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ စ၍ အမှတ်(၄)ရပ်ကွက်ရှိ မြေနုလမ်း၊ ကုန်သည်လမ်း၊ စျေးချောင်းလမ်း၊ ကမ်းနားလမ်း၊ ရွှေစေတီလမ်း၊ မြို့မစျေး၊ မင်းကြီးလမ်း၊ ပြည်တော်သာလမ်း၊ ဥမ္မာဒန္ဓီလမ်း၊ ဘိုဘဌေးလမ်း၊ ဗလီလမ်းတို့၌လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ထောင်ကုန်းလမ်း၊ အဝေရာဆေးတိုက်လမ်း၊ စျေးရပ်တန်းလမ်း၊ မရမ်းချိုလမ်း၊ ပပဝတီလမ်း၊ ဘူတာလမ်းနှင့် မဟာဗန္ဓုလလမ်းတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်အချက်များ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (ဧရာဝတီတိုင်းဒေသကြီး)မှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ … Read more
-
မြန်မာနိုင်ငံရှိအမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း ကောက်ယူရေးဆိုင်ရာ Virtual Consultation Workshop ကျင်းပဆောင်ရွက်
ဇူလိုင် ၁၃၊ နေပြည်တော် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှု စစ်တမ်းကောက်ယူရေးဆိုင်ရာ Virtual Consultation Workshop ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online ညှိနှိုင်းဆွေးနွေးပွဲအဖြစ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ Online Consultation Workshop တွင် အမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများ လေ့လာမှုစစ်တမ်းနည်းပညာကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ညှိနှိုင်းဆွေးနွေးပွဲအား အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းကောက်ယူရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် … Read more
-
Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ UNDP၊ UNICEF တို့နှင့် ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်မဲမြို့တွင် ပြည်သူလူထုထံသို့ ကြိုတင် ကာကွယ် ရေးအသိပညာပေးခြင်း (Campaign) များဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်း လမ်းများကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ UNDP၊ UNICEF တို့နှင့် ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်မဲမြို့တွင် ပြည်သူလူထုထံသို့ ကြိုတင် ကာကွယ် ရေးအသိပညာပေးခြင်း (Campaign) များဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်း လမ်းများကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက် (၁၄:၀၀) နာရီမှ (၁၅:၃၀) နာရီထိ ကသာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာနှင့် ကူးကာကျေးရွာတို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရေဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar_fld #sgg_jul2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)









