Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု၊ မဲတင်ကျေးရွာတွင် (၁၇-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စု၊လူဦးရေစုစုပေါင်း(၇)ဦးတို့အားလည်းကောင်း၊ (၁၉-၁၀-၂၀၂၀)ရက်နေ့၊(၁၇:၀၀)နာရီအချိန် ၌ ထပ်မံဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃) လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ စုစုပေါင်း(၁၆)ဦး၊ စုစုပေါင်းဘေးသင့်အိမ်ထောင်စု (၅)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၀) ရက်နေ့၌ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွ (၁၀၄၂၀၀/-) ကျပ်အား (၂၁-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁၃/၁၄/၁၅) ရပ်ကွက်များ၌ လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် လိုက်နာရမည် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေးဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၂၀-၁၀-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၂၀) ရက်နေ့၌ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ နှင့်ရွှေထီးကျေးရွာတို့တွင် လေပြင်းတိုက်ခတ်ရာပြီး ပင်လယ်ဒီရေမြင့်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၆၁၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၆၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) အိမ်ထောင်စာ (၃၄၇၅၃/-) ကျပ်အား (၂၀-၁၀-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် … Read more
-
(Covid-19) ကာလတွင် စားနပ်ရိက္ခာရှားပါးမှုကြုံတွေ့နေရသောပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၁၀-၂၀၂၀)နေ့တွင် နောင်မွန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ပန်နန်းဒင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ရှိ (Covid-19)ကာလတွင် စားနပ်ရိက္ခာရှားပါးမှု ကြုံတွေ့နေရသော တဆူထုကျေးရွာအုပ်စုနှင့် ဒဇုံတမ်းကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၁၅၂) စု၏ လူဦးရေ (၁,၀၂၉) ဦးတို့အတွက် စားနပ်ရိက္ခာ(၃)လစာ ဆန် (၉၆၄) အိတ်၊ (၁၆) ပြည်၊ (၄)ဗူးနှင့် ပူတာအို ဒေသခံပြည်သူများမှ လှူဒါန်းလာသော စောင်နှင့်ဆောင်းဝတ်အနွေးထည် ကျန်ကျောင်းအိတ် (၁၅) အိတ်၊ … Read more









