ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်း‌ ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု၊ မဲတင်ကျေးရွာတွင် (၁၇-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စု၊လူဦး‌ရေစုစုပေါင်း(၇)ဦးတို့အားလည်းကောင်း၊ (၁၉-၁၀-၂၀၂၀)ရက်နေ့၊(၁၇:၀၀)နာရီအချိန် ၌ ထပ်မံဖြစ်ပွားသော ကမ်းပါးပြိုကျမှု‌ကြောင့် ကြိုတင်ဖျက်သိမ်း‌ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃) လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ စုစုပေါင်း(၁၆)ဦး၊ စုစုပေါင်းဘေးသင့်အိမ်ထောင်စု (၅)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅)အိမ်ထောင်စာ၊ လူဦးရေစုစုပေါင်း(၂၃)ဦးအတွက် အဝတ်Mask(၄၆)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၈,၃၀၀/-) ကျပ်အား (၂၁-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကရားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#sgg_oct2020
Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events