(Covid-19) ကာလတွင် စားနပ်ရိက္ခာရှားပါးမှုကြုံတွေ့နေရသောပြည်သူများအား ထောက်ပံ့ပေးမှု သတင်း

 

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၁၀-၂၀၂၀)နေ့တွင် နောင်မွန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ပန်နန်းဒင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ရှိ (Covid-19)ကာလတွင် စားနပ်ရိက္ခာရှားပါးမှု ကြုံတွေ့နေရသော တဆူထုကျေးရွာအုပ်စုနှင့် ဒဇုံတမ်းကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၁၅၂) စု၏ လူဦးရေ (၁,၀၂၉) ဦးတို့အတွက် စားနပ်ရိက္ခာ(၃)လစာ ဆန် (၉၆၄) အိတ်၊ (၁၆) ပြည်၊ (၄)ဗူးနှင့် ပူတာအို ဒေသခံပြည်သူများမှ လှူဒါန်းလာသော စောင်နှင့်ဆောင်းဝတ်အနွေးထည် ကျန်ကျောင်းအိတ် (၁၅) အိတ်၊ မလိခညီအစ်ကိုများဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းထားသော Sugical Mask (၅၀)ပါ အထုပ် (၅) ဗူးအား ဒေသခံပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#kcn_oct2020

Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events