လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၂၀) ရက်နေ့၌ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ နှင့်ရွှေထီးကျေးရွာတို့တွင် လေပြင်းတိုက်ခတ်ရာပြီး ပင်လယ်ဒီရေမြင့်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၆၁၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၆၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) အိမ်ထောင်စာ (၃၄၇၅၃/-) ကျပ်အား (၂၀-၁၀-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးရုံးတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_oct2020

Sign Up

Upcoming Events