Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာတို့၌ (၂၇-၁၀-၂၀၂၀) နေ့တွင်ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၃)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀) ကျပ်၊ စုစုပေါင်း(၃၃၁,၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၃)အိမ်ထောင်စာ နှင့် အဝတ် mask (၃၀) ခုတို့ကို (၂၈-၁၀-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ဘေးသင့်ပြည်သူထံသို့ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဘန့်ဘွေး ကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် (၂၇-၁၀-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် သေဆုံးသူ (၁) ဦးအား ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုကျပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၁၂,၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး … Read more
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၂၈-၉-၂၀၂၀) ရက်နေ့၌ ထားဝယ်မြို့နယ် မြောင်းပုလဲရပ်ကွက်နှင့် ဇဟာ ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူး စက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တ ရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှ ပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source: တနင်္သာရီတိုင်းဒေသကြီးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ရွှေခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခါ(၇) ရက်စာ ဖိုးထောက်ပံငွေ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁) အိမ်ထောင်စာတို့ကို (၂၈-၁၀-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့နှင့် (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗန်းမော်မြို့နယ် ကောင်းစင့်ကျေးရွာ၌ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးအနီးတွင်နေထိုင်သော လူနေအိမ်(၂)လုံး ဘေးလွှတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဉီးရေ(၁၂)ဦးတို့အတွက် တစ်ဉီးလျှင် (၂၁၀ဝိ/-)နှုန်းဖြင့် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀ဝိ/-) နှင့်အိမ်ဆောက် ပစ္စည်းဖိုး(၂၀၀၀၀ဝိ/-) စုစုပေါင်း(၂၂၅၂၀ဝိ/-)အား (၂၈-၁၀-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်သွား ရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_oct2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာတွင် (၂၆.၁၀.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထာင်စု (၃)စုမှ လူဦးရေ(၁၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၃၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၃၉၉၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၃၉၉၀ဝိ/-)အား (၂၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









