လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့နှင့် (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗန်းမော်မြို့နယ် ကောင်းစင့်ကျေးရွာ၌ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးအနီးတွင်နေထိုင်သော လူနေအိမ်(၂)လုံး ဘေးလွှတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဉီးရေ(၁၂)ဦးတို့အတွက် တစ်ဉီးလျှင် (၂၁၀ဝိ/-)နှုန်းဖြင့် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀ဝိ/-) နှင့်အိမ်ဆောက် ပစ္စည်းဖိုး(၂၀၀၀၀ဝိ/-) စုစုပေါင်း(၂၂၅၂၀ဝိ/-)အား (၂၈-၁၀-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်သွား ရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#kcn_oct2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)