လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဘန့်ဘွေး ကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် (၂၇-၁၀-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် သေဆုံးသူ (၁) ဦးအား ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုကျပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၁၂,၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာတို့ကို (၂၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)