လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာတွင် (၂၆.၁၀.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထာင်စု (၃)စုမှ လူဦးရေ(၁၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၃၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၃၉၉၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၃၉၉၀ဝိ/-)အား (၂၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2020
Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)