ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 နှင့် သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၅-၁၁-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ် မဲအုံနောက်ကျေးရွာ၊ ဖွားဘုတ်ပြင်ကျေးရွာနှင့် ဘူချိုင်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_nov2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးထောက်ပံ့မှု သတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာနှင့် မြေနုကျေးရွာတို့တွင် (၄-၁၁-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၇)စု၊ လူ‌ဦးရေ(၂၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀)ကျပ်၊ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၀၉၀၀)ကျပ်၊ စုစုပေါင်း(၃၃၀၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား ၅-၁၁-၂၀၂၀ ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_nov2020   Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်မှ (၁၅:၃၀)အချိန်အထိ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာ၊ ပေါ့ထော်ကျေးရွာ၊ ကော့ကူးကျေးရွာ၊ မိဇံကျေးရွာ၊ သာနှုံးကျေးရွာ၊ ကော့ထော်ကျေးရွာ၊ ရသဝေါ်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များအား လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး Mask များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_nov2020 Source:             ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)အချိန်မှ (၁၆:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပြီး သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_nov2020 Source:             ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၁.၂၀၂၀) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် လေပြင်းဘေးတိုက်ခတ်မှုကြောင့် ရေစ​ကြို​မြို့​နယ်၊ ​​​မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေလှံကျေးရွာနှင့် မြေဖြူ-မုံညှင်း ကျေးရွာအုပ်စု၊ မြေဖြူကျေးရွာတို့တွင် လူ​နေအိမ်ပြိုကျပျက်စီး (၄)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁၄၄)လုံး၊ ဘုန်းကြီး ကျောင်း(၁)ကျောင်းနှင့် လူဦးရေ (၅၉၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၂၄၇၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၉၄၂၀၀၀/-) ကျပ်၊ စုစုပေါင်း (၅၁၈၉၄၀၀/-)ကျပ်အား (၅-၁၁-၂၀၂၀)ရက်နေ့၊(၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် (၂)၊ ​မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ … Read more

  • Covid-19 အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၅-၁၁-၂၀၂၀)ရက်နေ့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ် (၅)ရပ်ကွက်၊ မြို့ပတ်(၁)လမ်းနှင့် အောင်ဇေယျလမ်းထောင့်၊ အမှတ် (၅)ရပ်ကွက်၊ အောင်ဇေယျလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းဆုံနှင့် ပေါင်းစည်းခြင်းလမ်းထိပ်တို့တွင် Covid-19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များပါဝင်သော ​မြန်မာဘာသာနှင့် ကရင်ဘာသာနှစ်မျိုးနှင့် ရိုက်နှိပ်ထားသော အသိပညာပေး ဆိုင်းဘုတ် (၃)ခုအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_nov2020 Source:             မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)