လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၁.၂၀၂၀) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် လေပြင်းဘေးတိုက်ခတ်မှုကြောင့် ရေစ​ကြို​မြို့​နယ်၊ ​​​မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေလှံကျေးရွာနှင့် မြေဖြူ-မုံညှင်း ကျေးရွာအုပ်စု၊ မြေဖြူကျေးရွာတို့တွင် လူ​နေအိမ်ပြိုကျပျက်စီး (၄)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁၄၄)လုံး၊ ဘုန်းကြီး ကျောင်း(၁)ကျောင်းနှင့် လူဦးရေ (၅၉၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၂၄၇၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၉၄၂၀၀၀/-) ကျပ်၊ စုစုပေါင်း (၅၁၈၉၄၀၀/-)ကျပ်အား (၅-၁၁-၂၀၂၀)ရက်နေ့၊(၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် (၂)၊ ​မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ကွင်းဆင်းလက်ဝယ်အ​ရောက်​ ထောက်ပံ့​ပေးခဲ့ပါကြောင်း  ​ သတင်း​ရရှိပါသည်။

#ha_sgw

#mgy_nov2020

 Source:  ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events