လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၅-၁၁-၂၀၂၀)ရက်နေ့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ် (၅)ရပ်ကွက်၊ မြို့ပတ်(၁)လမ်းနှင့် အောင်ဇေယျလမ်းထောင့်၊ အမှတ် (၅)ရပ်ကွက်၊ အောင်ဇေယျလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းဆုံနှင့် ပေါင်းစည်းခြင်းလမ်းထိပ်တို့တွင် Covid-19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များပါဝင်သော မြန်မာဘာသာနှင့် ကရင်ဘာသာနှစ်မျိုးနှင့် ရိုက်နှိပ်ထားသော အသိပညာပေး ဆိုင်းဘုတ် (၃)ခုအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_nov2020
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)