လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)အချိန်မှ (၁၆:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပြီး သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_nov2020
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)