Latest News
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူပူပေါင်း၍ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့၊ အောင်ဇေယျရပ်ကွက်၊ အောင်မြင်စျေး၊ ဘူတာလမ်းစုံ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံရှေ့တို့၌ COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောလက်ကမ်းစာစောင်များနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask(၁,၀၀၀)ခုအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီထိ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက်နှင့် ကြံ့ခိုင် ရေးရပ်ကွက်တို့၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများ ပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် ဦးစီးဌာနမှထုတ်ပြန်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုမိုစောကျေးရွာအုပ်စု၊ ခါးဘယ်ကျေးရွာ၊ ဒိုမိုစောကျေးရွာ၊ ဟိုယာကျေးရွာအုပ်စု၊ ရီကီဘူးကျေးရွာနှင့် ဟူမိုထိကျေးရွာများရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာတာဝန်ရှိသူများနှင့်အတူ (၁၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၁၇-၁၁-၂၀၂ဝ) ရက်နေ့နှင့် (၁၈-၁၁-၂၀၂ဝ) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၂၆၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၂၆၀၀/-)ကျပ်တိတိအား ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 … Read more
-
COVID-19 ကူးစက်ရောဂါဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရွာငံမြို့နယ်၊ ယကြီးကျေးရွာနှင့် မြေခြားကျေးရွာတို့၌ COVID-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ဆွတ်ယွဲကျေးရွာ၊ ဟွေဖတ်ကျေးရွာ၊ နောင်ယန်းကျေးရွာ၊ ပတ်ချက်ကျေးရွာ၊ဝမ်ဆန်ကျေးရွာနှင့် ဟွေလွန်းကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိ ပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more









