Latest News
-
လပွတ္တာမြို့၂ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၌ မီးဘေးထောက်ပံ့မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့၂ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၌ (၁၂.၄.၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားသော မီးလောင်မှုကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ကြိုတင်ဖျက်သိမ်းနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၄)ဦးအတွက် ၊ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာဘိုး (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀၀၀၀ိိ/-)၊ စုစုပေါင်း (၂၀၈၄၀၀ိ/-)အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr_2023 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ (၁၂-၄-၂၀၂၃)ရက်နေ့၊ (၉၀:၃၀) အချိန်တွင် မီးလောင်ကျွမ်းခဲ့ရာမှ မီးရထားဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၂)လုံးမှ လူနေအိမ်(၁၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါမီးဘေးကြောင့် လူနေအိမ် (၁၂)လုံးမှ မီးဘေးသင့် လူဦးရေ (၆၀)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀ဝိ/-) နှင့် (၄၈,၅၁၁/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါထောက်ပံ့ပစ္စည်းပုံး(၁၂)ပုံးတို့အား (၁၂-၄-၂၀၂၃) ရက်နေ့၊(၁၅:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_apr_2023 … Read more
-
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းဂွ(ဂျီ) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းဂွ(ဂျီ) ကျေးရွာ၌ (၆-၄-၂၀၂၃)ရက်နေ့ (၁၃း၄၅)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးလူနေအိမ်(၁)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုး ထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀ဝ/-)ကျပ်နှင့် ပျက်စီးလူ နေအိမ်(၁)လုံးရှိအိမ်ထောင်စု(၁)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေပစ္စည်း (၁၇)မျိုးပါ (၁)ပုံးနှင့် စက္ကူကတ္တူပုံး(၁)ပုံးတို့အား (၇-၄-၂၀၂၃) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရွှေပင်လယ်လမ်း၌ လေဘေးထောက်ပံ့မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၄.၂၀၂၃)ရက်နေ့ ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပင်လယ်လမ်း လေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၇)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၄,၇၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-)ကျပ်၊ လေဘေးသင့် အိမ်ထောင်စု(၁)စုအတွက် (၄၆၀၃၆/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)ပုံးတို့အား ဘေးသင့်သူလက်ဝယ် အရောက် (၉.၄.၂၀၂၃)ရက်နေ့ (၁၃း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_apr_2023 Source: … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ကမ်းနားဆိပ်၌ မီးဘေးထောက်ပံ့မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ကမ်းနား ဆိပ်ရှိ ကမ္ဘာကျော်ဆီဆိုင်တွင် ဆိုက်ကပ်၍ ဆီထည့်နေသည့် မြောင်းမြ-ကံဘဲ့ပြေးဆွဲသော ခရီးသည် တင်ရေယာဥ်သည် (၇-၄-၂၀၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဒဏ်ရာရရှိသူ(၃)ဦးအတွက် စုစုပေါင်းရန်ပုံငွေ (၁၅၀၀၀ဝ/-)ကျပ်အား (၈-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr_2023 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ခန့်မှန်းမြေပုံညွှန်း (GQ-202238)၌ (၂.၄.၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့ သောမီးဘေးကြောင့် လုံးဝပျက်စီး သီလရှင်ကျောင်း (၂)ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသီလရှင် ကျောင်း (၁)ကျောင်း၊ စုစုပေါင်းသီလရှင်ကျောင်း (၃)ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၃၀၀၀၀/-) ကျပ်အား (၆.၄.၂၀၂၃) ရက်နေ့ (၁၆း၂၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









