Latest News
-
ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကျေးရွာ၊ အရှေ့ကျောင်းတိုက်၌ မုန်တိုင်းဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ (၈-၅-၂၀၂၃) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကျေးရွာ၊ အရှေ့ ကျောင်းတိုက်၌ မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နိုင်ရန်နှင့် မုန်တိုင်းကြောင့်ဆက်လက်ဖြစ်ပေါ်နိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံဖြစ်ပွားခြင်းဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်း သက်သာစေရန်အတွက် မုန်တိုင်းဘေး၊ ရေဘေး၊ လေးပြင်းဘေးများနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက် … Read more
-
ရန်ကုန်တောင်းပိုင်းခရိုင် မုန်တိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃)ရက်နေ့တွင် ကျောက်တန်းမြို့နယ်အတွင်း ပင်လယ်ဝကျေးရွာဖြစ်သည့် ချောင်းဝကျေးရွာ အုပ်စု၊ ချောင်းဝကျေးရွာတွင် မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ကြိညတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် မုန်တိုင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံဖြစ်ပွားခြင်း၊ မုန်တိုင်းဒီရေစသည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု လျော့နည်း စေရန် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေးနှင့် မုန်တိုင်းဒီရေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များအား ပြည်သူများသိရှိလိုက်နာ ဆောင်ရွက် နိုင်စေရန်အတွက် ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ … Read more
-
မုန်တိုင်းဘေးအပါအဝင် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၇- ၅-၂၀၂၃)ရက်နေ့ (၁၇:၀၀) အချိန်၌ မြိတ်မြို့ပေါ်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့်လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြိတ်မြို့အတွင်း လှည့်လည်နှိုးဆော်အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ha_ar #tny_may_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်ရုံးခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၃) ရက်နေ့၊ နေ့လည်(၁း၀၀)နာရီအချိန်တွင် ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်ရုံးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင် ရပ်ကျေးစာရေးများအား မုန်တိုင်းနှင့်ပတ်သက်၍ သိကောင်းစရာများနှင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များအား ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #ygn_may2023 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မီသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ နှင့်ပူးပေါင်း၍ (၈-၅-၂၀၂၃)ရက်နေ့ (၀၈:၀၀) အချိန်၌ ကလိန်အောင်မြို့၊ လူစည်ကားရာနေရာများနှင့် ကလိန်အောင်ဆံတော်ရှင် ကိုယ်ပိုင်ဈေး အနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် နောက်ဆက်တွဲဘေး အန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုလည်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
လောင်းလုံးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စမ်းလှမ်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မီသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင်ပူးပေါင်း၍ (၈-၅-၂၀၂၃)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စမ်းလှမ်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #tny_may2023 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









