လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ (၈-၅-၂၀၂၃) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကျေးရွာ၊ အရှေ့ ကျောင်းတိုက်၌ မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နိုင်ရန်နှင့် မုန်တိုင်းကြောင့်ဆက်လက်ဖြစ်ပေါ်နိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံဖြစ်ပွားခြင်းဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်း သက်သာစေရန်အတွက် မုန်တိုင်းဘေး၊ ရေဘေး၊ လေးပြင်းဘေးများနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက် နိုင်စေရန်အတွက် ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်း၊ ပိုစတာ ပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar_str
#ygn_may2023
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)