လောင်းလုံးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စမ်းလှမ်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မီသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင်ပူးပေါင်း၍  (၈-၅-၂၀၂၃)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စမ်းလှမ်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar_str

#tny_may2023

Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events