ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၈-၉-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၈-၉-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများတင်ပို့မှုအနေဖြင့် ရန်ကုန်မှ စစ်တွေသို့ ချင်းတွင်း(စစ်ရေယာဉ်) ဖြင့် ၅၀ တန် တင်ပို့နိုင်ခဲ့ပါသည်။ မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂-၈-၂၀၂၃) မှစ၍ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ (၁၀၀%) ပြင်ဆင်ပြီးဖြစ်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။   စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ … Read more

  • ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀ဝ/-)ကျပ်၊ ဘေးသင့်အိမ်​​ထောင်စုမှ လူဦးရေ (၁၅) ဦးအတွက်  (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၃၁၅၀ဝ/-)ကျပ်၊ စုစုပေါင်းငေွ (၈၁၅၀ဝ/-) ကျပ်အား ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (၇-၉-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၁:၃၀) အချိန်တွင် ကော့သောင်းမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်းရေးမှူး​နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #tny_sep2023 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ၊ တောင်ညိုအုပ်စု၊ ပြည်တော်လင်းကျေးရွာအုပ်စုနှင့် သရက်တောအုပ်စု၊ ပိုးစာတောကျေးရွာ တို့၌ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေများပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမြောက်တပ်မမှူးတို့နှင့်အတူ (၆-၉-၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူ လေးပင်‌ကျေးရွာ၊ တောင်ညိုအုပ်စု၊ ပြည်‌‌တော်လင်းကျေးရွာနှင့် သရက်တောအုပ်စု၊ ပိုးစာ တောကျေးရွာတို့၌ အိမ်ထောင်စု(၆)စု ရေဘေးသင့်ခဲ့ရာ ရေဘေးသင့်လူဦးရေ (၂၀)ဦးတို့ အတွက် စုစုပေါင်းဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂,၀၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၀,၀၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၆၉၂,၀ဝဝ/-) ကျပ်၊ တောင်ညိုအုပ်စုအတွင်း … Read more

  • ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အလက(၂)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၃)ရက်နေ့၊ နေ့လည်(၁၀:၃၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အလက(၂)၌ ကျောင်းသား/သူ (၁၂၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ဆရာမိုးဒီပညာ ရွှေပြည်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၁၆၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ထားဝယ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_sep 2023    

  • ဟင်္သာတမြို့နယ်အတွင်း၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ၌ ကြိုတင်ရွှေ့ပြောင်းခဲ့ရသော မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်း အတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်အား (၄-၉-၂၀၂၃) ရက်နေ့ (၁၀:၁၅)နာရီအချိန်တွင် လည်း ကောင်း၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာနှင့် တာငုတ်ကျေးရွာတို့၌  (၃၁-၈-၂၀၂၃) ရက်နေ့မှ (၄-၉-၂၀၂၃) ရက် နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ  (၂၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၆၀၀,၀၀၀/-)၊ စုစုပေါင်း လူဦးရေ … Read more