ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀ဝ/-)ကျပ်၊ ဘေးသင့်အိမ်​​ထောင်စုမှ လူဦးရေ (၁၅) ဦးအတွက်  (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၃၁၅၀ဝ/-)ကျပ်၊ စုစုပေါင်းငေွ (၈၁၅၀ဝ/-) ကျပ်အား ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (၇-၉-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၁:၃၀) အချိန်တွင် ကော့သောင်းမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်းရေးမှူး​နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#tny_sep2023

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events