ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ၊ တောင်ညိုအုပ်စု၊ ပြည်တော်လင်းကျေးရွာအုပ်စုနှင့် သရက်တောအုပ်စု၊ ပိုးစာတောကျေးရွာ တို့၌ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေများပေးအပ်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမြောက်တပ်မမှူးတို့နှင့်အတူ (၆-၉-၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူ လေးပင်‌ကျေးရွာ၊ တောင်ညိုအုပ်စု၊ ပြည်‌‌တော်လင်းကျေးရွာနှင့် သရက်တောအုပ်စု၊ ပိုးစာ တောကျေးရွာတို့၌ အိမ်ထောင်စု(၆)စု ရေဘေးသင့်ခဲ့ရာ ရေဘေးသင့်လူဦးရေ (၂၀)ဦးတို့ အတွက် စုစုပေါင်းဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂,၀၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၀,၀၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၆၉၂,၀ဝဝ/-) ကျပ်၊ တောင်ညိုအုပ်စုအတွင်း ကာဘောလစ်ဆပ်ပြာ (၂၀၀)တောင့်နှင့် အသက်ကယ်အင်္ကျီ (၁၀)ထည်အား ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_sep 2023

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events