ဟင်္သာတမြို့နယ်အတွင်း၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ၌ ကြိုတင်ရွှေ့ပြောင်းခဲ့ရသော မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်း အတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်အား (၄-၉-၂၀၂၃) ရက်နေ့ (၁၀:၁၅)နာရီအချိန်တွင် လည်း ကောင်း၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာနှင့် တာငုတ်ကျေးရွာတို့၌  (၃၁-၈-၂၀၂၃) ရက်နေ့မှ (၄-၉-၂၀၂၃) ရက် နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ  (၂၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၆၀၀,၀၀၀/-)၊ စုစုပေါင်း လူဦးရေ (၉၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၅,၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၇၉၅,၃၀၀/-)ကျပ်တို့အား  (၅-၉-၂၀၂၃)ရက်နေ့(၁၂:၃၀)  နာရီအချိန်တွင် လည်းကောင်း၊ ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ရေပေါက်ကြီးကျေးရွာ၌ (၁-၉-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၀၀,၀၀၀/-)၊ စုစုပေါင်းလူဦးရေ (၆၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၄,၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၅၃၄,၄၀၀/-) ကျပ်တို့အား (၅-၉-၂၀၂၃)ရက်နေ့  (၁၃:၃၀)နာရီအချိန်တွင်လည်းကောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe

#ayy_sep2023

 

 

Sign Up

Upcoming Events