Category Archives: News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာအုပ်စု၊ သိလ္လာကျေးရွာ၊ တောင်ပေါ်စုကျေးရွာအုပ်စု၊ တောင်ပေါ်စုကျေးရွာနှင့် ကညင်ကိုင်းကျေးရွာအုပ်စု၊ ကညင်ကိုင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပေးကြေညာဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့ တွင် (၁၆:၀၀) နာရီမှစတင်၍ (၁၉:၀၀) နာရီအချိန်ထိ ရေစကြိုမြို့၊ ဝါယာ ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာနှင့် ကံစွယ်ကျေးရွာများသို့ (COVID-19) ရောဂါကူးစက်ပျံ့ နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရန်များ အသိပေးကြေညာဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source:ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိမာလာရပ်ကွက်၊ သီရိနန္ဒာရပ်ကွက်၊ ချောင်းတောင်ကျေးရွာအုပ်စုနှင့် ရေးမြို့မြသီတာဈေးတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောက်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ရေးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဉီးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့တွင် နံနက်(၉:၀၀)ချိန်မှ (၁၁)ချိန်ထိ ကော့ကရိတ်မြို့၊ မြို့မစျေး၌ လည်းကောင်း၊ နေ့လည် (၁၃:၀၀) နာရီမှ(၁၆:၀၀) နာရီအထိ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များဖြစ် သည့် အမှတ်(၁)၊(၂)၊(၄)၊(၅)၊(၆)၊(၇) ရပ်ကွက်များသို့လည်းကောင်း မော်တော်ယာဉ်ဖြင့် COVID-19 ရောဂါပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများအား လော်စမီကာဖြင့် ကြေညာ ခြင်း၊ လက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များဖြစ်သော ကြခတ်၊ မင်းရပ်၊ ဝန်လို၊ စည်သာ၊ ဖောင်းကန် ရပ်ကွက် (၅) ခုနှင့် ဥသျှစ်ပင်မြို့ပေါ်ရှိ ရပ်ကွက်များအား COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_mar2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့တွင် covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့နှင့်အတူ ချောက်မြို့အဝင် အနော်ရထာတံတားထိပ်တွင် ချောက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း နှင့် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်များကို covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းကို covid-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPsစခန်းများဖြစ်သည့် နမ့်ဖတ်ကာနယ်မြေ (၄)Campနှင့် နမ့်ဖတ်ကာနှစ်ခြင်းအသင်းတော် Camp တို့ရှိ အိမ်ထောင်စု (၉၆)စုမှ လူဦးရေ (၃၈၅)ဦး တို့ကို COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ Hand Speaker ဖြင့် အသိပညာပေးခြင်း၊ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များနှင့် လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာတွင် (၀၉၀၀)နာရီအချိန်၌လည်းကောင်း၊ မရမ်းကုန်းကျေးရွာတွင် (၀၉၂၅)နာရီအချိန်၌လည်းကောင်း၊ ညောင်အုပ်ကျေးရွာတွင် (၀၉၅၀)နာရီအချိန်၌လည်းကောင်း၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာတွင် (၁၀၃၀)နာရီအချိန်၌လည်းကောင်း ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဂျိုင်လယ်ကျေးရွာတွင် (၁၁၁၅)နာရီအချိန်၌လည်းကောင်း၊ လျှောက်ချောင်းကျေးရွာတွင် (၁၁၃၅)နာရီအချိန်၌လည်းကောင်း၊ ညောင်မော်ကျေးရွာတွင် (၁၁၅၀)နာရီအချိန်၌လည်းကောင်း၊ ဘူးကွဲကျေးရွာတွင် (၁၂၂၀)နာရီအချိန်၌လည်းကောင်း၊ ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၁၂၅၀)နာရီအချိန်၌လည်းကောင်း၊ သဇင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာတွင် (၁၄၀၀)နာရီအချိန်၌လည်းကောင်း၊ ဖုန်းဆိုးကြီးကျေးရွာတွင် (၁၅၁၅)နာရီအချိန်၌လည်းကောင်း၊ မျှင်ထိုးကျေးရွာတွင် (၁၅၄၅)နာရီအချိန်၌လည်းကောင်း၊ ငွေဆောင်မြို့ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၃၀.၃..၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ ခိုကျင်ကျေးရွာ၊ မံခွန်ကျေးရွာနှင့် စီအင်ကျေးရွာ စုစုပေါင်းကျေးရွာ(၃)ခုအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speakerများဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #kcn_mar2020 Source: ဗန်းမော်ခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPsစခန်းများဖြစ်သည့် စိန့်သောမတ် Campနှင့် နေဝန်းနီ Campတို့ရှိ အိမ်ထောင်စု (၁၁၉)စုမှ လူဦးရေ (၆၀၂)ဦး တို့ကို COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ Hand Speaker ဖြင့် အသိပညာပေးခြင်း၊ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များနှင့် လက်ဆေးဆပ်ပြာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









