လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိမာလာရပ်ကွက်၊ သီရိနန္ဒာရပ်ကွက်၊ ချောင်းတောင်ကျေးရွာအုပ်စုနှင့် ရေးမြို့မြသီတာဈေးတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောက်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_mar2020
Source: ရေးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)