ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

31_Pic_08 31_Pic_07 31_Pic_06 31_Pic_05 31_Pic_04 31_Pic_03 31_Pic_02 31_Pic_01

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာတွင် (၀၉၀၀)နာရီအချိန်၌လည်းကောင်း၊ မရမ်းကုန်းကျေးရွာတွင် (၀၉၂၅)နာရီအချိန်၌လည်းကောင်း၊ ညောင်အုပ်ကျေးရွာတွင် (၀၉၅၀)နာရီအချိန်၌လည်းကောင်း၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာတွင် (၁၀၃၀)နာရီအချိန်၌လည်းကောင်း ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဂျိုင်လယ်ကျေးရွာတွင် (၁၁၁၅)နာရီအချိန်၌လည်းကောင်း၊ လျှောက်ချောင်းကျေးရွာတွင် (၁၁၃၅)နာရီအချိန်၌လည်းကောင်း၊ ညောင်မော်ကျေးရွာတွင် (၁၁၅၀)နာရီအချိန်၌လည်းကောင်း၊ ဘူးကွဲကျေးရွာတွင် (၁၂၂၀)နာရီအချိန်၌လည်းကောင်း၊ ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၁၂၅၀)နာရီအချိန်၌လည်းကောင်း၊ သဇင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာတွင် (၁၄၀၀)နာရီအချိန်၌လည်းကောင်း၊ ဖုန်းဆိုးကြီးကျေးရွာတွင် (၁၅၁၅)နာရီအချိန်၌လည်းကောင်း၊ မျှင်ထိုးကျေးရွာတွင် (၁၅၄၅)နာရီအချိန်၌လည်းကောင်း၊ ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ရပ်ကွက်/ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events