COVID-19 ရောဂါပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

31_Pic_01 31_Pic_02

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဉီးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့တွင် နံနက်(၉:၀၀)ချိန်မှ (၁၁)ချိန်ထိ ကော့ကရိတ်မြို့၊ မြို့မစျေး၌ လည်းကောင်း၊ နေ့လည် (၁၃:၀၀) နာရီမှ(၁၆:၀၀) နာရီအထိ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များဖြစ် သည့် အမှတ်(၁)၊(၂)၊(၄)၊(၅)၊(၆)၊(၇) ရပ်ကွက်များသို့လည်းကောင်း မော်တော်ယာဉ်ဖြင့် COVID-19 ရောဂါပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများအား လော်စမီကာဖြင့် ကြေညာ ခြင်း၊ လက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#ar

#krn_mar2020

 

 

Source: ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events