လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPsစခန်းများဖြစ်သည့် နမ့်ဖတ်ကာနယ်မြေ (၄)Campနှင့် နမ့်ဖတ်ကာနှစ်ခြင်းအသင်းတော် Camp တို့ရှိ အိမ်ထောင်စု (၉၆)စုမှ လူဦးရေ (၃၈၅)ဦး တို့ကို COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ Hand Speaker ဖြင့် အသိပညာပေးခြင်း၊ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များနှင့် လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_mar2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)