COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

31 _ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့တွင် covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့နှင့်အတူ ချောက်မြို့အဝင် အနော်ရထာတံတားထိပ်တွင် ချောက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း နှင့် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်များကို covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းကို  covid-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#mgy_Mar2020

Sign Up

Upcoming Events