Category Archives: News
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု၊ သတ္တပလူကျေးရွာနှင့် လောလာလိ ကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်များကို (၁၇.၄.၂၀၂၀) ရက်နေ့တွင် အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကာလအတွင်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးမှုအနည်းငယ်ရှိကြောင်း သတင်းရရှိ
ဧပြီ ၁၇၊ နေပြည်တော် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၆)ရက် ညနေ(၆)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ၌အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ည(၇)နာရီ (၁၇)မိနစ်အချိန်ခန့်တွင်လည်း ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အနက်(၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ် ခဲ့ကြောင်း သိရှိရပါသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နှင့်ဖလမ်းမြို့တို့တွင် ပျက်စီးမှုအနည်းငယ်ရှိခဲ့ရာ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ မြို့နယ်စုပေါင်းရုံးအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးမှ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးဒဏ်ခံရသူများအား ထောက်ပံ့ မှုများဆောင်ရွက်လျက်ရှိ
ဧပြီလ ၁၇ ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှုများကို နှစ်စဉ် ကြုံတွေ့ရလျက်ရှိပါသည်။ ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ (၁၂-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသို၊ ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များ၌ စုစုပေါင်း နေအိမ် (၉၅) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း၊ (၁၅-၄-၂၀၂၀)နေ့တွင် ကောလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ အင်းတော်၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ … Read more
-
IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင် စခန်းများတွင်နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူ များအားCOVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းရှိ အိမ်ထောင်စု (၁၀၀၀) စုနှင့် ဆေးသမားကြီး IDP စခန်းရှိ အိမ်ထောင်စု (၁၈၂၃) စုတို့အတွက် ဆပ်ပြာတောင့် ၂၈၂၃ တောင့်၊ Mask (၅၆၄၆)ခုနှင့် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှ စတင်ပြီး မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်အုပ်စု၊ မျှင်ဝါးတောင်ကျေးရွာနှင့် ဘန့်ဘွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_apr2020
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်နယ်မြေ ၄/၅/၁၄၊ လယ်ကုန်းမလိယန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင် IDPs စခန်းများရှိအိမ်ထောင်စု စုစုပေါင်း (၃၆၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ(၂)ခဲ့၊ mask(၂)ခုနှုန်းနှင့် ဆပ်ပြာ(၇၂၄)ခဲ၊ mask(၇၂၄)ခု တို့အား သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာအုပ်စု၊ နန်းဩကျေးရွာ၊ ဒိုးပင်ခုံကျေးရွာ၊ သိုက်ချောင်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာ၊ မရင်းကြီးကျေးရွာ၊ တဲကုန်းကျေးရွာ၊ အင်ပင်ခုံကျေးရွာ၊ အင်းသာကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ရင်ကွဲပင်ကျေးရွာ၊ ဝင်ပြန်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁,၃,၅)ရပ်ကွက်၊ သရက်ခြံကျေးရွာ၊ ပေါက်တန်းကျေးရွာ၊ ဒိတ်ကုန်းကျေးရွာများတွင် လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ဆပုဂံကျေးရွာအုပ်စု၊ ထမ္မနိုင်ကျေးရွာအုပ်စု၊ မဝန်းကျေးရွာအုပ်စု၊ ကိုးထောင်ကျေးရွာအုပ်စု၊ကျွဲလူးအိုင်ကျေးရွာအုပ်စုတို့တွင်လည်းကောင်း Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍အများပြည်သူများသိရှိလိုက်နာရန်အချက်များအားကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောအသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန မှထုတ်ပြန်ထားသောဥပဒေများကိုလိုက်နာရန်အသိပေးကြေငြာချက်များအားအရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်းသက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာန ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများနှင့်အတူ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ဓူဝံကျေးရွာ၊ ကျောက်စစ်ပုံကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ ဖလံတောကျေးရွာ၊ တောင်မန်းကျေးရွာ၊ ဆင်ခေါင်းကျေးရွာ၊ ဘန်ထန်းကျေးရွာနှင့် သီးကုန်းကျေးရွာများအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ဓမ္မင်းဆိပ်ကြီးကျေးရွာ၊ ဓမ္မင်းဆိပ်လေးကျေးရွာ၊ ဇီးဖြူသောင်ကျေးရွာနှင့် လမ်းဆုံလမ်းထောင့် လူစည်ကားသောနေရာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_apr2020









