ဧပြီ ၁၇၊ နေပြည်တော်
၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၆)ရက် ညနေ(၆)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ၌အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ည(၇)နာရီ (၁၇)မိနစ်အချိန်ခန့်တွင်လည်း ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အနက်(၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ် ခဲ့ကြောင်း သိရှိရပါသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နှင့်ဖလမ်းမြို့တို့တွင် ပျက်စီးမှုအနည်းငယ်ရှိခဲ့ရာ
အလားတူစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာရှိ ဘုရားထီးတော် မြေခခဲ့ ကြောင်း သိရှိရပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ များကို သတင်းရယူကာ လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ha_eqk
#chn_apr2020
Source: MSWRR