လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ဓူဝံကျေးရွာ၊ ကျောက်စစ်ပုံကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ ဖလံတောကျေးရွာ၊ တောင်မန်းကျေးရွာ၊ ဆင်ခေါင်းကျေးရွာ၊ ဘန်ထန်းကျေးရွာနှင့် သီးကုန်းကျေးရွာများအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_apr2020