Category Archives: News
-
ဆိပ်ဖြူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်အတွင်း (၂၅-၄-၂၀၂၀) ရက်နေ့၊ (၁၄:၄၅) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ဒေါသာကျေးရွာအုပ်စု ဒေါသာကျေးရွာတွင် အမိုးလန်အိမ်ခြေ (၂) လုံး၊ လူဦးရေ (၅) ဦး၊ လက်ဆည်ကျေးရွာအုပ်စု လက်ဆည်ကျေးရွာတွင် အမိုးလန်အိမ်ခြေ (၈) လုံး၊ လူဦးရေ (၃၈) ဦး၊ အရှေ့ ကံတွင်းကျေးရွာအုပ်စု အရှေ့ကံတွင်းကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁၈) လုံး၊ လူဦးရေ (၆၈) ဦး၊ … Read more
-
COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ (၂၇-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ညောင်လန်းကျေးရွာအုပ်စု အတွင်းရှိ နွားရေကျော်ချောင်းဝကျေးရွာ၊ ကညင်ခဲကျးရွာ၊ ညောင်တုံးစုကျေးရွာနှင့် ကညင်တပင်ကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19 နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့်လည်းကောင်း လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးCOVID -19 ကာလအတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ညှိနှိုင်းဆွေးနွေး
ဧပြီလ၊၂၆၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် COVID -19 ကာလအတွင်း ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ လူမှုဝန်ထမ်း ဦးစီးဌာနက ညွှန်ကြားရေးမှူး များနှင့်တာဝန်ရှိသူများ၊သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးရာတွင် … Read more
-
Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ (၀၉:ဝ၀)အချိန်မှ (၁၃:ဝဝ)အချိန်ထိ ရေမျက်အုပ်စု၊ ပြည့်အိုင်ကျေးရွာ၊ အင်ကြင်းပင်ကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_ apr 2020
-
Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့၊ ပန်လော့ကျေးရွာတွင် လတ်တလော ဖြစ်ပွားနေသော covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြစ် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လေဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ မုန်တိုင်းဘေး ပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် လေဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ apr 2020
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ မကျည်းကန်ကျေးရွာနှင့် ရွာသစ်ကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး ပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာအုပ်စုနှင့် အိုးဘိုကျွန်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှစတင်ကာ ညောင်လေးပင်ကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာအုပ်စုနှင့် အိုးဘိုကျွန်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာများအတွင်း လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
ဧပြီလ ၂၄ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂၃-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စင်ကြိုင် IDP စခန်း၊ မိုင်းနား AG IDP စခန်း၊ မိုင်းနား (လဝမ်) IDP စခန်း ၊ မိုင်းနား (ဖွံ့ဖြိုးရေးခြံ) … Read more
-
မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ၌ (၂၆-၄-၂၀၂၀)ရက်နေ့၊ (၁၉း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ ပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား (၂၇-၄-၂၀၂၀) ရက်နေ့၊ (၁၂း၃ဝ) နာရီအချိန်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_apr2020 … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီမှ (၁၃:၀၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကသဘောင်းကျေးရွာအုပ်စု၊ ကသဘောင်းကျေးရွာ၊ တောင်တန်းကြီးကျေးရွာ၊ ချောင်းဝကျေးရွာ၊ ကန်ချောင်းကျေးရွာ၊ ကန်ချောင်းကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)









