Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ (၀၉:ဝ၀)အချိန်မှ (၁၃:ဝဝ)အချိန်ထိ ရေမျက်အုပ်စု၊ ပြည့်အိုင်ကျေးရွာ၊ အင်ကြင်းပင်ကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_ apr 2020

Sign Up

Upcoming Events