Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့၊ ပန်လော့ကျေးရွာတွင် လတ်တလော ဖြစ်ပွားနေသော covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြစ် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လေဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ မုန်တိုင်းဘေး ပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် လေဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_ apr 2020

Sign Up

Upcoming Events