ဆိပ်ဖြူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်အတွင်း (၂၅-၄-၂၀၂၀) ရက်နေ့၊ (၁၄:၄၅) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ဒေါသာကျေးရွာအုပ်စု ဒေါသာကျေးရွာတွင် အမိုးလန်အိမ်ခြေ (၂) လုံး၊ လူဦးရေ (၅) ဦး၊ လက်ဆည်ကျေးရွာအုပ်စု လက်ဆည်ကျေးရွာတွင် အမိုးလန်အိမ်ခြေ (၈) လုံး၊ လူဦးရေ (၃၈) ဦး၊ အရှေ့ ကံတွင်းကျေးရွာအုပ်စု အရှေ့ကံတွင်းကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁၈) လုံး၊ လူဦးရေ (၆၈) ဦး၊ ပြိုကျအိမ်ခြေ (၁) လုံး လူဦးရေ (၅) ဦး၊ ရှားပင်အိုင့်ကျေးရွာအုပ်စု ဂဲကုန်းကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁) လုံး၊ လူဦးရေ (၆)ဦး၊ ရွာမကျေးရွာအုပ်စု ရွာမ (တောင်) ကျေးရွာတွင် အမိုးလန်အိမ်ခြေ (၄) လုံး၊ လူဦးရေ (၁၅)ဦး၊ စုစုပေါင်းအမိုးလန်အိမ်ခြေ (၃၃) လုံး၊ ပြိုကျအိမ်ခြေ (၁) လုံး၊ လူဦးရေ (၁၃၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၈၇၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၄၄၀၀၀၀ိ/-)နှင့် ပြင်ပမှဝယ်သူသည့် ပစ္စည်း(၅)မျိုး(၉၁၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၃၆၈၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၁)စုစာအား (၂၇-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events