ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ဧပြီလ ၂၄ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂၃-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စင်ကြိုင် IDP စခန်း၊ မိုင်းနား AG IDP စခန်း၊ မိုင်းနား (လဝမ်) IDP စခန်း ၊ မိုင်းနား (ဖွံ့ဖြိုးရေးခြံ) IDP စခန်း၊ မိုင်းနားကတ်သလစ် IDP စခန်း၊ ရွှေကူမြို့နယ်ရှိနှစ်ခြင်းIDP စခန်း၊ ကတ်သလစ် IDP စခန်းများသို့သွားရောက်၍ အိမ်ထောင်စု တစ်စုလျှင် ဆပ်ပြာ(၂) ခဲနှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၁၀၀၁) စုအတွက် ဆပ်ပြာခဲ (၂၀၀၂)ခဲ၊Mask (၂၀၀၂) ခုနှင့် Infrared Thermometer (၂) ခုတို့ကိုထောက်ပံ့ခဲ့ပါသည်။
ထို့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စခန်းများဖြစ်ကြသော အလိုတော်ပြည့် ဘုန်းကြီးကျောင်းနှင့် ဇမ္ဗူရတနာဘုန်းကြီးကျောင်း၊ IDP စခန်း များဖြစ်ကြသော သဲချောင်း (ရခိုင်)၊ သဲချောင်းနှင့် ခေါင်းဒုက္ခာတို့ရှိ အိမ်ထောင်စု (၂၉၄၀)စုအတွက် ဆပ်ပြာတောင့် (၂၉၄၀)တောင့်၊ Mask (၅၈၈၀)ခုနှင့် Infrared Thermometer (၂)ခုထောက်ပံ့ခဲ့ပါသည်။
၂၄-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်ရှိ IDP စခန်း အမှတ် (၁)နှင့် အမှတ် (၂) တို့တွင် အိမ်ထောင်စု (၃၁၂)စုအတွက် ဆပ်ပြာခဲ (၆၂၄)ခဲနှင့် Mask (၆၂၄)ခု၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်ရှိ အေးလင်းမြတ်ရှင်စခန်းနှင့် မြတ်ပန်းဝတ်မှုန် IDP စခန်းတို့တွင် စခန်း နေသူများ အသုံးပြုနိုင်ရန်အတွက် လက်ဆေးဘေစင်(၆)ခုနှင့် လက်ဆေးဆပ်ပြာများနှင့် ရခိုင်ပြည်နယ် စစ်တွေ မြို့နယ်ရှိ ငတောက်တက်၊ ပါဒလိတ်၊ တောကန်၊ ကြီတဲ၊ ကြက်တောပြင်ကျေးရွာများရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၆၂)စုအတွက် ဆပ်ပြာတောင့် (၆၂)တောင့်၊ Mask (၁၂၄)ခု တို့ကိုထောက်ပံ့ပေးခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်း များကို နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar

#kcn_apr2020
#krn_apr2020
#rke_apr2020
Source: MOSWRR

Sign Up

Upcoming Events