လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ၌ (၂၆-၄-၂၀၂၀)ရက်နေ့၊ (၁၉း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ ပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား (၂၇-၄-၂၀၂၀) ရက်နေ့၊ (၁၂း၃ဝ) နာရီအချိန်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)