Category Archives: News
-
Covid- 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ဟင်္သာတမြို့နယ်၊ မဒေါ့တလုတ်အုပ်စုအတွင်းရှိ (ဇမ္ဗူညွှန့်ရပ်ကွက်၊ ပြည်တော်သာ(၁)လမ်း၊ (၂) လမ်း၊ (၃) လမ်း)နှင့် ဇလွန်မြို့နယ်၊ ပျဉ်းမ ကုန်းအရှေ့အုပ်စု၊ ငြိမ်းချမ်းဦး/ရွာမကျေးရွာ၊ ပျဉ်းမကုန်းအနောက်အုပ်စု ၊ညောင်ကုန်း/ကျုံမ ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနပြည်သူ … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အနောက်ပိုင်း၊ကွက်သစ်ပိုင်း) နှင့် ဦးကျော်စိန်(တဲတိုက်) ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင်စု (၁၁၇) စု၊ လူဦးရေ (၅၅၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၅-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid- 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၅-၅-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ(၁၁:၃၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ဉာဏ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ဉာဏ်ကွင်းကျေးရွာ၊ ကန်ရွာကျေးရွာ၊ အုံး ပင်စုကျေးရွာနှင့် ဘုရားငုတ်တိုကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ဘူတာလမ်း၌ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀ဝိ/-)၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_may2020 Source: … Read more
-
Covid- 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၅-၅-၂၀၂၀) ရက်နေ့တွင် တလိုင်းကွင်းကျေးရွာအုပ်စုရှိ ဝက်ကုန်း ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ကံကြိုးကျေးရွာ၊ ကနစိုကုန်းကျေးရွာ၊ သပြေတုံးလဲကျေးရွာများ အတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ဖာပွန်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ နို့ဖောထီးကျေးရွာ၊ ညာပေါင်ခီးကျေးရွာနှင့် ဖာလုံရွာလေးကျေးရွာများအတွင်း COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Source: MOSWRR ~~~~ စိတ်ဖိစီးမှုသည် ဘဝတွင် ကြုံတွေ့ရတတ်သည့် သာမန်ဖြစ်ရိုးဖြစ်စဉ် ခံစားမှုတစ်ခုဖြစ် သော်လည်း စိတ်ဖိစီးမှုဆိုင်ရာ အခြေခံအချက်များကိုသိရှိပြီး ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်သည်။ စိတ်ဖိစီးမှုသည် ထိုဖြေရှင်းနိုင်စွမ်းကိုကျော်လွန်ခြင်း (သို့မဟုတ်) ပြင်းထန်များပြားလာခြင်းများ ရှိသည့်အခါ စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ စိတ်ဖိစီးမှု လက္ခဏာများမှာ အိပ်စက်မှုပြဿနာရှိခြင်း၊အလွန်တက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်/အူလမ်းကြောင်း ပြဿနာရှိခြင်း၊ ခေါင်းကိုက်ခြင်း/ ကိုယ်လက်ကိုက်ခဲခြင်း၊ ဒေသထွက်ခြင်း၊ ကြောက်လန့်တုန်လှုပ်ခြင်း၊ ပူဆွေးသောကရောက်ခြင်း၊ ဝမ်းနည်းခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာရှိခြင်း၊ မကောင်းတွေးခြင်း၊ … Read more
-
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Source: MOSWRR ~~~~~ COVID–19 ကာလတွင် စိတ်ဖိစီးမှုများကို ကြုံတွေ့လာရတတ်ပါသည်။ ကြုံတွေ့ရသော ကိစ္စအဝဝကို ဒေါသစိတ်ဖြင့်မဖြေရှင်းမိစေရန် အမြဲသတိထားခြင်း၊ စိတ်ထွက်ပေါက်ရရှိ စေရေးအတွက် စိတ်လိုက်မာန်ပါ မပြုခြင်း၊ အရက်/ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကို ရှောင်ရှားခြင်း၊ အခက်အခဲပြဿနာရပ်များကို မိသားစုဝင်များ (သို့မဟုတ်) အနီးကပ်နေထိုင်သူများနှင့်အတူ ဝိုင်းဝန်းအဖြေရှာခြင်း၊ ရာသီဥတု၊ မိမိ၏ကျန်းမာရေးအခြေအနေတို့နှင့်လျော်ညီစွာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ မျှတသောအာဟာရ မှီဝဲခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်းတို့သည် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်း နိုင်သည့် နည်းလမ်းများဖြစ်ပါသည်။ ထိုနည်းလမ်းများကို တစ်ဦးချင်းက … Read more
-
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Source: MOSWRR ~~~~ COVID-19 ကာလမှာမိမိတစ်ဦးတည်းသာမက လူတိုင်းစိတ်ဖိစီးမှုများ ခံစားနေကြရတယ် ဆိုတဲ့အချက်ကို သတိပြုမိရင်အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်ပိုမိုဖြစ်ပေါ် လာစေ ပါသည်။ ကိုယ်ချင်းစာစိတ်ဟာ လူတစ်ဦးနှင့်တစ်ဦးကြား၊ အမုန်းတရားပွားများမှုကိုလျော့နည်း စေပါတယ်။ ပြဿနာရပ်များကို ကြိုးစားလက်ခံဖြေရှင်းနိုင်စွမ်းလည်းမြင့်မားစေပါသည်။ ဒီလိုနည်းနဲ့ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ကာ ခံနိုင်ရည်ရပြီး တစ်ဦးချင်းစီက COVID-19 ကာလဒုက္ခများကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့အဆင့် သို့ရောက်ရှိအောင် ကြိုးစားသင့်ကြောင်း အသိပေး တိုက်တွန်းလိုပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)
-
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Source: MOSWRR ~~~~ COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရန် မိမိတို့တစ်ဦးချင်းမှာ တာဝန်ရှိပြီး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။ COVID-19 ကာလကြာမြင့်လာလေ ကျန်းမာရေးအတွက် စိုးရိမ်ရမှု၊ အလုပ်အကိုင်ပြဿနာ၊ ငွေရေးကြေးရေးအခက်အခဲ၊ မိသားစုနှင့် ခွဲခွာနေရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အပြစ်တင်ခံရမှု စသည့် စိတ်ဖိစီးမှုများပိုမိုမြင့်မားလာလေ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် စိတ်ဖိစီးမှုများကို ကျော်လွှားရန်ကြိုးစားနေချိန်တွင် ညွှန်ကြားချက်များ၊ စည်းကမ်းများကိုလိုက်နာရခြင်းသည် စိတ်ဖိစီးမှုများ ကိုပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ယူဆခြင်းမပြုဘဲ ထိုချမှတ်သည့်ညွှန်ကြားချက်များ၊ စည်းကမ်းများကို အလေ့အထဖြစ်အောင် … Read more









