လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၅-၅-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ(၁၁:၃၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ဉာဏ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ဉာဏ်ကွင်းကျေးရွာ၊ ကန်ရွာကျေးရွာ၊ အုံး ပင်စုကျေးရွာနှင့် ဘုရားငုတ်တိုကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)