COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရန် မိမိတို့တစ်ဦးချင်းမှာ တာဝန်ရှိပြီး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။
COVID-19 ကာလကြာမြင့်လာလေ ကျန်းမာရေးအတွက် စိုးရိမ်ရမှု၊ အလုပ်အကိုင်ပြဿနာ၊ ငွေရေးကြေးရေးအခက်အခဲ၊ မိသားစုနှင့် ခွဲခွာနေရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အပြစ်တင်ခံရမှု စသည့် စိတ်ဖိစီးမှုများပိုမိုမြင့်မားလာလေ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် စိတ်ဖိစီးမှုများကို ကျော်လွှားရန်ကြိုးစားနေချိန်တွင် ညွှန်ကြားချက်များ၊ စည်းကမ်းများကိုလိုက်နာရခြင်းသည် စိတ်ဖိစီးမှုများ ကိုပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ယူဆခြင်းမပြုဘဲ ထိုချမှတ်သည့်ညွှန်ကြားချက်များ၊ စည်းကမ်းများကို အလေ့အထဖြစ်အောင် ကြိုးစားခြင်းသည် စိတ်ဖိစီးမှုများကို ခံနိုင်ရည် ရရှိလာစေမည့် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူမှုစီးပွားအခက်အခဲများကိုလည်း ဆက်လက် ဖြေရှင်းနိုင်စွမ်းရှိလာမှာဖြစ်ကြောင်း အားပေးတိုက်တွန်းအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)