လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ဘူတာလမ်း၌ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀ဝိ/-)၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)