COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း

Source: MOSWRR
~~~~~
 
COVID–19 ကာလတွင် စိတ်ဖိစီးမှုများကို ကြုံတွေ့လာရတတ်ပါသည်။ ကြုံတွေ့ရသော ကိစ္စအဝဝကို ဒေါသစိတ်ဖြင့်မဖြေရှင်းမိစေရန် အမြဲသတိထားခြင်း၊ စိတ်ထွက်ပေါက်ရရှိ စေရေးအတွက် စိတ်လိုက်မာန်ပါ မပြုခြင်း၊ အရက်/ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကို ရှောင်ရှားခြင်း၊ အခက်အခဲပြဿနာရပ်များကို မိသားစုဝင်များ (သို့မဟုတ်) အနီးကပ်နေထိုင်သူများနှင့်အတူ ဝိုင်းဝန်းအဖြေရှာခြင်း၊ ရာသီဥတု၊ မိမိ၏ကျန်းမာရေးအခြေအနေတို့နှင့်လျော်ညီစွာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ မျှတသောအာဟာရ မှီဝဲခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်းတို့သည် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်း နိုင်သည့် နည်းလမ်းများဖြစ်ပါသည်။
 
ထိုနည်းလမ်းများကို တစ်ဦးချင်းက နားလည်သတိပြုဆင်ခြင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် စိတ်ဓါတ်ခွန်အားများကို တိုးတက်ရရှိစေကာ စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ ရှောက်ရှိခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)

Sign Up

Upcoming Events